Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ် သာသနာ့နုဂ္ဂဟရောင်ခြည်ဦး ဆွမ်းလောင်းအသင်း၏ (၁၂)နှစ်ပြည့်အထိမ်းအမှတ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ
May 30,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်သာသနာ့နုဂ္ဂဟရောင်ခြည်ဦး ဆွမ်းလောင်းအသင်းကြီး၏ (၁၂)နှစ်ပြည့်အထိမ်းအမှတ် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆွမ်းကျွေးတရားတော်နာကြားခြင်းကို ယနေ့နံနက်(၈)နာရီက မြို့သစ်မြို့၊ မင်းရပ်ကွက်ရှိ သုခသမ္ပဒါလေသာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများနှင့် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များက "နမောတသ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ကာ မြို့နယ်သံဃာ့နာယက၊ ဥက္ကဋ္ဌဆရာတော်ဦပညာဇောတထံမှ သြကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ငါးပါးသီလခံယူကာဆရာတော်ကြီး၏ သြဝါဒစကားများကို နာယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် (PPTT) ဆရာအတတ်သင် သင်တန်းတတ်ရောက်မည့်ဆရာ၊ ဆရာမ (၅၀) ဦးအားကိုဗစ်-၁၉ပိုး ရှိမရှိစစ်ဆေးရာ (၃) ဦးပိုးတွေ့ရှိ
May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေးဌာနမှ (PPTT)ဆရာအတတ်သင် သင်တန်းတတ်ရောက်မည့် ဆရာ၊ ဆရာမ (၅၀) ဦးအား ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် Rapid Antigen Diagnostic Test (RDT)ဖြင့် စစ်ဆေးရာ ဆရာမ (၂) ဦးနှင့် ဆရာ (၁)ဦးတို့တွင် ကိုဗစ်- ၁၉ ပိုးတွေရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၄၅၀၀၀၀ သိန်း ထုတ်ချေးပေး
May 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေဆိုးထုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်း
May 30,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် အမှိုက်သရိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စက်ယန္တရားတစ်စီးဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအသက် ၂၅ နှစ်နှင့်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲဝင်ရန် တွံတေးခရိုင်၌ စခန်းသွင်းလေ့ကျင့်
May 30,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလားအသက် ၂၅ နှစ်နှင့်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဝင်ရန်အတွက် တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသား၊ အမျိုးသမီးရွေးချယ်ခံရသော အားကစားသမားများအား ယနေ့နံနက်ပိုင်းကစတင်ကာ တွံတေးမြို့နယ်အားကစားရုံ(ခ)၌ စခန်းသွင်းလေ့ကျင့်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်း ဖွင့်လှစ်
May 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းကို မေလ(၂၉)ရက်နေ့ နံနက်(၉)နာရီ မှစ၍ အဆိုပါဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်
May 30,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်
May 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11277
Page
11278
Page
11279
Page
11280
Current page
11281
Page
11282
Page
11283
Page
11284
Page
11285
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department