အမြို့မြို့အနယ်နယ်သတင်းများ

May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်တွင် အ.ထ.က(၂) ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် အိမ်မဲကြီးပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 30,2023
စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် ကြိုးဝိုင်းတော(၁၆၁)ခု၊ ၅၉၈၆၈၆၂ ဧက၊ ကြိုးပြင် ကာကွယ်တော(၁၁၁)ခု၊ ၁၇၅၂၁၁၉ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခု၊ ၃၀၁၇၀၂၃ ဧကတို့ကို ဖွဲ့စည်းထားရှိပြီး သဘာဝတောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
May 30,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက် ကွင်းအမှတ် (၁၉၉) မလောက် ချောင်းဘေးရှိ တောင်သူဦးသန်းအောင်၏ လယ်ယာမြေ၌ တိုင်ထောင် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ယမန်နေ့ နံနက်ပိုင်းတွင် ငပုတောမြို့နယ် မြို့မစခန်းမှူး ဦးတင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းအောင်နှင့် တာဝန်ရှိသူများက  ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြသည်။
May 30,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် တပ်ရာကျေးရွာရှိ နေအိမ်များပေါ်သို့ လဲကျနေသော သစ်ပင်များအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကာ သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြသည်။
May 30,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို မေလ ၃၀ ရက် နံနက်၈နာရီခွဲအချိန်က အဆိုပါဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။