Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဇမ္ဗူသီရိမြို့နယ်၌ ရဟန်း၊ သံဃာတော်အပါး ၅၀ အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး
May 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose) များထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး) ၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ
May 31,2023
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းအမှန်ရရှိရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားကို ၂၀၂၃ခုနှစ် ယမန်နေ့ နံနက် (၉)နာရီ အချိန်က မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်(၃)ရပ်၊ လုပ်ငန်း အစီအစဥ် (၆)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းအသိပညာပေးဟောပြောပွဲ ကျင်းပ
May 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်(၃)ရပ်၊ လုပ်ငန်းအစီအစဥ်(၆)ရပ်တို့အား ထပ်ဆင့်ရှင်းလင်း အသိပညာပေး ဟောပြောပွဲကို မေလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်၊ အသက်(၁၈)နှစ်အောက် ကရင်ပြည်နယ် အမျိုးသားဘောလုံးအသင်းအား ထောက်ပံ့ငွေပေးအပ်
May 31,2023
ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံရေး၊ ကျေးလက်နေပြည်သူများငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ ငါးသားပေါက်များထုတ်လုပ်၍ သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က တရုတ်လှကျေးရွာ မြစ်ရေတင်စီမံကိန်းနေရာ၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့တွင် ရာသီပေါ်ဦးစ ဒေသထွက်ရင်ကွဲသရက်သီးများ ဈေးကောင်းရရှိ
May 31,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရာသီပေါ် ဒေသထွက်ရင်ကွဲသရက်သီးများမှာ အခြားသရက်သီးများ လှိုင်လှိုင်မပေါ်မီရောင်းချရ၍ ဈေးကောင်းရရှိကြောင်း သရက်သီး လာရောက်ရောင်းချသူ တောင်သူများမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်းကျင်းပ
May 31,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်များစာပေလေ့လာဖတ်ရှုမှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကိုကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းများ၌ ကျောင်းသားဦးရေ ရာနှုန်းပြည့် ကျောင်းအပ်နှံထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်များ၌ လိုက်လံ၍ အားပေးစကားပြောကြား…
May 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၉)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများမှ စာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လျာထားချက်ပြည့်မီစွာ ကျောင်းအပ်နှံထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11250
Page
11251
Page
11252
Page
11253
Current page
11254
Page
11255
Page
11256
Page
11257
Page
11258
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department