Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး (၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး
May 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် အတွင်းရှိကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် တောင်သူများနှင့် တွေ့ဆုံအသိပညာပေး ဆွေးနွေးပွဲများကို မေလ ၂၅ ရက်နေ့မှစ၍ ပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တူးမြောင်းကျေးရွာအုပ်စု၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ကျောက်တန်းလေး ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် " အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်စေရေး အသိပညာပေး” ဟေ…
May 31,2023
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူဒေါ်လှိုင်မိုးမြတ်နှင့် ဝန်ထမ်းများ၊မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထန်းများ၊ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သက်မွေးပညာသင်တန်းကျောင်း မုံရွာမှတာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 31,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ်၌မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကအမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြမီးများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 31,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြမီးများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့၌ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်အပါး ၂၀၀ အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေး
May 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရဟန်း၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရွာကောက်ရပ်ကွက်၊ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း တတိယအကြိမ်ဖွင့်လှစ်
May 31,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသရှိလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာ ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
May 31,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နံနက် ၁၀ နာရီက အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)ကျောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11253
Page
11254
Page
11255
Page
11256
Current page
11257
Page
11258
Page
11259
Page
11260
Page
11261
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department