အမြို့မြို့အနယ်နယ်သတင်းများ

Mar 30,2023
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊  ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
Mar 30,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက သပိတ်ကျင်းမြို့ဆိပ် ကမ်းရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကာလမီးသတိပြုရန်နှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ယမန်နေ့နံနက်(၉:၄၅)အချိန်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်းတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ်စည်ပင်ကွင်းတွင် ကျင်းပခဲ့သည်။
Mar 30,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကန်တော်မင်္ဂလာတာဆုံနှင့် မြို့လည်သာသနာ့ဗိမ္မာန်ရှေ့၌ ယမန်နေ့နံနက်ပိုင်းက လေပြင်းအန္တရာယ်၊ ငလျင်‌ဘေးအန္တရာယ်အသိပညာပေးပိုစတာများကို စိုက်ထူခဲ့ပါသည်။
Mar 30,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍
Mar 30,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည် ဖော်ဆောင်ရွက်မည့် စိုက် ပျိုးရေးကဏ္ဍတွင် လယ်ယာထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးမြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ရွေ့လျားစနစ်ဖြင့် နယ်လှည့်ဆေးကုသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် ကုသခြင်းများ ဆောင်ရွက်ခဲ့သည်။