မင်းတုန်းမြို့နယ်တွင် မိုးရာသီ နေကြာသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်

မင်းတုန်း ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၃ မိုးရာသီ နေကြာသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ဆွေးနွေးခဲ့ပြီး နေကြာ သီးသန့်/သီးညှပ် စိုက်ပျိုးမည့် တောင်သူများကိုယ်စား ‌ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နေကြာမျိုးစေ့များ လက်ခံရယူခဲ့ကြသည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၃ မိုးရာသီ၌ အမျိုးသားစီမံကိန်းအရ နေကြာစိုက်ပျိုးရန် ၄၁၁ ဧကလျာထား ထားရှိသော်လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့်  ၁၃၀၃ ဧက စိုက်ပျိုးနိုင်ရန် ကံမမြို့နယ်မှ ရရှိသည့် ဆင်းရွှေကြာ-၂(၅၈)တင်း၊ အိန္ဒိယမျိုး(၄၀)ကီလို၊ ရေဆင်းမှရရှိသည့် ဆင်းရွှေကြာ-၂ (၁၂၀)ကီလိုနှင့် စပ်မျိုးနေကြာ(၁၈၀)ကီလိုကို နေကြာစိုက်ပျိုးမည့် တောင်သူများအား အခမဲ့ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)