အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2023
၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးစိုက်ဧက တစ်ဧကလျှင် စပါး(၁၀)တင်းနှုန်း အထွက်တိုးရေးအတွက် တောင်သူများအနေဖြင့် စိုက်ဧကများအတွင်း ထုံးထည့်သွင်းစိုက်ပျိုးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ဓနုံးကျေးရွာရှိ တောင်သူဒေါ်ဌေးဌေး၏ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(ခ/၁၂၃)မှ စိုက်ဧက(၁၄.၀၄)ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများနှင့်အတူ ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အား မေ(၃၁)ရက် နေ့လယ်(၂)နာရီ အချိန်၌ ကျင်းပပြုလုပ်သည်။
Jun 01,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားလျက်ရှိသည်။
Jun 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
Jun 01,2023
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို   ယနေ့ ၊ ဇွန် လ (၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၅၈၂၁)ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ   ယနေ့ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ သူ ၂၂၈၇၆ ဦး အေးချမ်း ပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
Jun 01,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် ယနေနံနက်ပိုင်းမှစတင်၍ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။