မိုးနဲ ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့ ယနေ့နံနက် ၇ နာရီအချိန်က စတင်ဖွင့် လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း မြို့နယ် ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၏ ကြီးကြပ်မှုဖြင့် ဥယျာဥ်ရပ်ကွက် အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအပါအဝင် အလယ်တန်းကျောင်း၊ မှုလတန်းကျောင်းနှင့် မှုလတန်း(လွန်)ကျောင်း စုစုပေါင်း (၄၇) ကျောင်းရှိပြီး ယနေ့နံနက် ၇ နာရီအချိန်က တစ်ပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရန်၊ မှုလတန်းတွင် ကျောင်းသား/သူ ၃၅၇ ဦး၊ အလယ်တန်းတွင် ကျောင်းသား/သူ ၂၄၇ ဦးနှင့် အထက်တန်းတွင် ကျောင်းသား/သူ ၂၃၉ ဦး စုစုပေါင်း ၈၄၃ ဦးစာရင်း ပေးသွင်းထားပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ကျောင်းသား/သူ မိဘများမှ ကျောင်းသား/သူများကို ကျောင်းသို့ လာရောက်ပို့ဆောင်ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)