၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အတွင်းအခြေခံပညာ ကျောင်းများစတင် ဖွင့်လှစ်

တနင်္သာရီ ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ စတင်ဖွင့်လှစ်ရာ အထက်တန်း အဆင့်/ အလယ်တန်း အဆင့်/မူလတန်းအဆင့် ကျောင်းသား/သူများကပညာသင်ကျောင်းတက်ရန် အတွက်ကျောင်းသို့ ပျော်ရွှင်စွာ လာရောက်လျက် ရှိကြသည်။

တနင်္သာရီမြို့နယ်တွင်မေလ၂၃ရက် မှ မေလ၃၁ရက်နေ့ ညနေပိုင်းအထိကျောင်းအပ်နှံမှု လက်ခံခဲ့ရာ အထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း အလယ်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း(၁၁)ကျောင်း၊ စုစုပေါင်း(၁၆) ကျောင်းတို့တွင် (၅)နှစ်အရွယ် (KG)အတန်းမှ ဒွါဒဿမတန်း (Grade-12) သင်ရိုးသစ်အထိ ကျောင်းသူ/သားများအား ကျောင်းအပ်နှံမှုလုပ်ငန်းကို နေ့စဉ်လက်ခံ ဆောင်ရွက်ပေးခဲ့ရာ မူလတန်းကျောင်းသား/သူ(၇၉၃၁)ဦး၊ အလယ်တန်းကျောင်းသား/သူ (၁၇၄၂)ဦးနှင့် အထက်တန်း ကျောင်းသား/သူ (၅၅၄)ဦး၊ စုစုပေါင်း(၁၀၂၂၇)ဦးအထိ ကျောင်း အပ်နှံပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)