ကျိုက်ထိုမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျိုက်ထို ဇွန် 

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင် အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိသတ်မှတ်ထားပြီးကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ခဲတံ၊ကျောင်းဝတ်စုံများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့နယ်တွင်အခြေခံပညာကျောင် း(၁၃၁)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မူလတန်းအဆင့်(၂၀၇၂၆)ဦး အလယ်တန်းအဆင့်(၅၀၅၀)ဦး၊ အထက်တန်း အဆင့်(၁၈၃၄)ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၇၆၁၀)ဦး အေးချမ်းစွာ ပညာသင်ကြားနိုင်‌ရေးအတွက် မြို့နယ် ပညာရေးမှုး ဦးမောင်ညိုနှင့်ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက်)