ဥတ္တရသီရိ ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် အခြခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(၉ )ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၃) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၄)ကျောင်း၊ မူလတန်းကျောင်း (၁၉)ကျောင်း၊ စုစုပေါင်း(၄၈)ကျောင်း စတင်ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)