ကြည့်မြင်တိုင်မြို့နယ် အ​ခြေခံပညာ​ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ စတင်ပညာသင်ကြား

ကြည့်မြင်တိုင် ဇွန် ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများတွင် ယ​နေ့နံနက်ပိုင်းက ကျောင်းများစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း​ပျော်ရွှင်စွာ ကျောင်းတက်​ရောက်လျက်ရှိ​ကြောင်း သိရသည်။

 အဆိုပါအခြေခံပညာကျောင်းများဖွင့်လှစ်ရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်း​မော်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေး ဝိုင်းဝန်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် အ​ခြေခံပညာကျောင်း(၂၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း (၂၈)ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ပြီး အဆိုပါကျောင်းများမှ  မူလတန်းအဆင့်မှ G-12 အထိ စနစ်သစ် အတန်းများအားလုံးကို သင်ကြား​ပေးလျက်ရှိ​ကြောင်း သိရသည်။    

ခိုင်ဇာလင်း (ပြန်/ဆက်)