အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2023
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း အင်အား(၅)ဒဿမ(၉)အဆင့်ရှိ အင်အားအသင့်အဆင့်ရှိ‌သော မြေငလျင်တစ်ခု ယနေ့မြန်မာစံ‌တော်ချိန် ညနေ(၅)နာရီ (၅၀)မိနစ် (၂၂)စက္ကန့်တွင် လှုပ်ရှားမှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လမ်းများနှင့် လူနေအိမ်အချို့တို့ ထိခိုက်ပျက်စီး မှုများဖြစ်ပွား‌‌ခဲ့ကြောင်း သိရသည်။
Jun 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မစျေးကြီးတွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း အဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Jun 01,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအမနားကို ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jun 01,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Jun 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ကျောက်တံတားမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများအား   ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင် တက်ရောက်ကြကြောင်း သိရသည်။
Jun 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မေလ ဒုတိယပတ်အတွင်းက မိုခါမုန်တိုင်း၏ အရှိန်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ထိခိုက် ဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးပို့သော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဆက်လက်ဖြန့်ဝေပေးခဲ့သည်။
Jun 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အဆိုပါရုံးစည်းအဝေးအခမ်းအနား၌ ကျင်းပပြုလုပ်သည်။