လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၆၄ ကျောင်း စတင်ဖွင့်လှစ်

လယ်ဝေး ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း အထက်တန်းကျောင်း၁၈ ကျောင်း၊ အ.ထ.က( ခွဲ ) ၂၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အ.လ.က (ခွဲ)၂၃ ကျောင်း၊ မူလွန် ၅၄ ကျောင်း၊ မူလတန်း ၁၁၃ ကျောင်း၊ မူ(ခွဲ) ၁၈ ကျောင်း၊စုစုပေါင်း ၂၆၄ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)