ဘီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား

ဘီးလင်း ဇွန် ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုပညာသင်နှစ်တွင် ဘီးလင်းမြို့နယ် ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ယူလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၄၉ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကသက်ဆိုင်ရာ တာဝန်ကျကျောင်းအလိုက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ဘီးလင်းမြို့နယ်တွင် မေ ၂၃ ရက်နေ့မှ ဇွန် ၃၁ ရက်နေ့အထိ ကျောင်းလာရောက်အပ်နှံသူ ၂၇၁၅၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)