အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်နှစ်လမှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။
Jun 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက တက်ရောက်ခဲ့သည်။
Jun 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာသင်ယူကြသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
Jun 01,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိ သူများသည် ယနေ့နံနက်(၁၁)နာရီအချိန်က ဘူးသီးတောင်မြို့ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ ယမန်နေ့က ရောက်ရှိလာသည့် ထောက်ပံ့ ပစ္စည်းများဖြစ်သော ဆန်အိတ် (၅၀၀)အိတ်၊ တာပေါ်လင် (၄၆၀) မီတာ(၂၄)ခု၊ တာပေါ်လင်လိပ် (၅၀)လိပ်၊ ဘေထုတ်(၆)ထုတ် ရောက်ရှိသိုလှောင်ထားရှိမှု အခြေအနေများ၊ စာရင်းရေးသွင်းမှုများ စနစ်တကျ ရှိ/မရှိတို့အား သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Jun 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော လိုက်ချီးစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Jun 01,2023
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအဖွဲ့များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာများနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား စာရင်းညှိနှိုင်းခြင်း အပြီးသတ်တွက်ချက်မှုအား ပြန်လည်စိစစ် ဆွေးနွေးကြသည်။
Jun 01,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင်စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 01,2023
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၊ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ စတင် ပညာသင်ကြားနေကြပြီ ဖြစ်သည်။