မိုးညှင်း မေ ၃၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း အင်အား(၅)ဒဿမ(၉)အဆင့်ရှိ အင်အားအသင့်အဆင့်ရှိသော မြေငလျင်တစ်ခု ယနေ့မြန်မာစံတော်ချိန် ညနေ(၅)နာရီ (၅၀)မိနစ် (၂၂)စက္ကန့်တွင် လှုပ်ရှားမှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လမ်းများနှင့် လူနေအိမ်အချို့တို့ ထိခိုက်ပျက်စီး မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေငလျင်လှုပ်ရှားမှုကြောင့် မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအချို့တွင် ဘုရားစတီပုထိုးများမှ စိန်ဖူးတော်နှင့် စေတီများအက်ကွဲခြင်းများ၊ ဘုန်းတော်ကြီးကျောင်းများရှိ မုဒ်ဦး၊ အုတ်တံတိုင်းများ၊ မျက်နှာကြက်များနှင့် ပြတင်းပေါက်များ ပြိုကျပျက်စီးခြင်း၊ စာသင်ကျောင်းများမှ မျက်နှာကြက်များနှင့် နံရံများ အက်ကွဲခြင်း၊ ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားသွားလမ်းအား အက်ကွဲခြင်း၊ ဘုရားကန္တကုရီကြမ်းခင်းအက်ကွဲခြင်း၊ ဘုရားတံခွန်တိုင်အက်ကွဲခြင်း၊ ဘုရားပတ် လမ်းအလှူရှင် ကျောက်ပြား သုံးချပ်ကွာကျခြင်းများ၊ ကျန်းမာရေးဆေးပေးခန်းရှိ ရေစင်ပြိုကျခြင်း၊ လူနေအိမ်အချို့မှ အပေါ်ထပ် ကိုးပေပတ်လည်အခန်း တစ်ခန်းနှင့် ဘုရားစင်ပြုကျပျက်စီးခြင်း များဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း