မိုင်းခတ် ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မြင့်ဦး၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်လွင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းရှိ ရေစည်၊ ရေအိုးများ၊ ရေတွင်း၊ ရေကန်များ၊ ရေများ တင်ကျန်ရှိနိုင်သည့် တာယာဟောင်းများနှင့် ပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)