ဘူးသီးတောင်မြို့၌ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများ ထောက်ပံ့ပစ္စည်းများထားရှိမူနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးတွက်ချက်တင်ပြမှုများအပေါ် စာရင်းများအား စစ်ဆေးခြင်းနှင့် ကျေးရွာအုပ်စုများမှ ရပ်ကွက်၊ကျေးရွာစာရေးများနှင့် တွေ့ဆုံ

ဘူးသီးတောင် ဇွန် ၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိ သူများသည် ယနေ့နံနက်(၁၁)နာရီအချိန်က ဘူးသီးတောင်မြို့ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ ယမန်နေ့က ရောက်ရှိလာသည့် ထောက်ပံ့ ပစ္စည်းများဖြစ်သော ဆန်အိတ် (၅၀၀)အိတ်၊ တာပေါ်လင် (၄၆၀) မီတာ(၂၄)ခု၊ တာပေါ်လင်လိပ် (၅၀)လိပ်၊ ဘေထုတ်(၆)ထုတ် ရောက်ရှိသိုလှောင်ထားရှိမှု အခြေအနေများ၊ စာရင်းရေးသွင်းမှုများ စနစ်တကျ ရှိ/မရှိတို့အား သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ရပ်ကွက်ကျေး ရွာအုပ်စု (၈၄)အုပ်စုမှ ရပ်ကွက်/ကျေးရွာ စာရေးများနှင့် တွေ့ဆုံ၍ ဇွန်လ(၁)ရက်နေ့ ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု မုန်တိုင်းကြောင့် အပျက်အစီး စာရင်းဇယားများ မှန်ကန်မှုရှိစေရေးနှင့် ခွဲဝေပေးသော ထောက်ပံ့ရေးပစ္စည်းများ အမှန်တကယ် လိုအပ်သူများထံ ရောက်ရှိစေရန် စနစ်တကျ ဆက်လက်ခွဲဝေပေးရေးကိစ္စများအတွက် လမ်းညွှန်မှာကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာ စာရေးများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)