နတ်မောက် ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်နှစ်လမှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ အသက်နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များကို ကျန်းမာရေးဆရာမများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာရောဂါ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားရောဂါကာကွယ်ဆေး၊ ပိုလီယိုဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း