ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

ကျောက်တံခါး  ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင်စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံတို့အား ကျောင်းအပ်နှံချိန်တွင် တစ်ပါတည်း ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ကျောက်တံခါးမြို့နယ်တွင် အထက်တန်းအဆင့်(၂၂)ကျောင်း၊ အလယ်တန်းအဆင့်(၁၈၁)ကျောင်း၊  မူလတန်းအဆင့်(၂၇)ကျောင်း စုစုပေါင်း (၂၃၀) ကျောင်းရှိပြီး မေလ (၃၁)ရက်နေ့ထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား ကျောင်းသူပေါင်း(၅၀၇၁၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)