ဝေါ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာသင်ယူကြသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင် အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)(၁၅)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(တွဲ) (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၂၄)ကျောင်း၊ မူလတန်းလွန်(၆၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁)ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (ခွဲ)(၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉) ကျောင်း၊ပုဂ္ဂလိကကျောင်း (၁) ကျောင်းတို့တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်းကျောင်းသား/ ကျောင်းသူ (၂၅၀၂၃) ဦး၊အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၈၆၀၈) ဦး၊ အထက်တန်းကျောင်းသား/ ကျောင်းသူ (၂၅၁၅) ဦး၊ ကျောင်းအပ်နှံသင်ကြားခဲ့ပြီး နှစ်တိုးကျောင်းသား/ ကျောင်းသူ (၁၅၆) ဦးကိုလက်ခံပေးအပ်ခဲ့ပြီး ရာခိုင်နှုန်း (၁၀၃.၁၀) ရှိခဲ့ပြီး၊ နှစ်တိုးကျောင်းသားများ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကြည်စိုးထံမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ ဆက်)