အမြို့မြို့အနယ်နယ်သတင်းများ

May 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
May 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
May 30,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ယခု ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် မေ ၃၀ ရက်၊ ယနေ့နံနက်ပိုင်းကစပြီး လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
May 30,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိလာသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု(၈၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံခြင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းပေးသော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု Command Post ခန်းမ၌ ကျင်းပခဲ့သည်။
May 30,2023
ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်သည်။
May 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းအပ်နှံရေးအခမ်းအနားကို  ယနေ့ နံနက် (၁၀) နာရီ အချိန်က အ-ထ-က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2023
ပြည်ထောင်စုနယ်​မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းမှစ၍ ဝဇိရာနန္ဒသု​ဗောဓာရုံဘုန်းတော်ကြီးကျောင်းနှင့် ရာဇဓာနီသာမဏေကျော်ဘုန်းတော်ကြီးကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
May 30,2023
အ​ခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ရွှေဘိုမြို့နယ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီချိန်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း​ရွှေရတုခန်းမ၌ ကျင်းပသည်။