အမြို့မြို့အနယ်နယ်သတင်းများ

May 31,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး(Talk Show)အစီအစဉ်ကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
May 31,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
May 31,2023
ဆိပ်ဖြူမြို့နယ်အတွင်း မေ ၃၀ ရက် ညနေ့ ၅ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခြင်း၊ လူနေအိမ်များ အမိုးလန်/ပြိုကျခြင်းများ ဖြစ်ပွားကြောင်း ကနဦးသတင်း သိရသည်။
May 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၁၀၀၀ တို့အား မြို့နယ်အလိုက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် နေပြည်တော်/ခရိုင်/မြို့နယ် သာသနာရေးမှူးရုံးတို့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ် ၈ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်။
May 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အ.ထ.က(မိုးမောက်)ကျောင်း ပညာတံခွန်ခန်းမ၌  ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မိုးမောက်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အ.ထ.က(မိုးမောက်)ကျောင်း ပညာတံခွန်ခန်းမ၌  ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မိုးမောက်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်း(၁/၂၀၂၃)ကို  ဘောလည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက အခြေခံမော်တာစက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာရှိကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကျင်းပပြုလုပ်ခဲ့သည်။