အမြို့မြို့အနယ်နယ်သတင်းများ

Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်နှင့် အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင်၊ မုံရွာခရိုင်၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
Mar 30,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယခုလအတွင်းဖြစ်ပွားခဲ့သည့် လေဘေးနှင့် မီးဘေးသင့်ပြည်သူများအတွက် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မတ်လ (၂၈)ရက် နံနက်ပိုင်းမှ စတင်၍ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 30,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်း၏ တောင်ဘက် (၆)မိုင်ခန့်အကွာ၊ ညောင်ဦးမြိုနယ်မီးသတ်စခန်း၏တောင်ဘက်(၂၂)မိုင်ခန့် တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာအနီး၊ ရွာပြင်ရေနံစိမ်းသိုလှောင်ခြံ ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ‌စေရေးအတွက် ယ‌နေ့နံနက်(၈:၃၀)နာရီအချိန်က  သံသုမာလမ်းမကြီး ဘေလီတံတားမီးပွိုင့်အနီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးစစ်‌ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ယနေ့ မွန်းလွဲပိုင်းက စံပနုံကျေးရွာ၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
Mar 30,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်  စိုက်ပျိုးရေးကဏ္ ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေ းမြစိမ်းရောင်စီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်ရန်စီမံကိန်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ရန် စီမံကိန်းပါ ကျေးရွာများအား ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်း ဖွင့်ပွဲကို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။
Mar 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန် (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံ မူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့မွန်လွဲ(၁)နာရီက အစိုးရဓမ္မာစရိယနှင့် ပါဠိမထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်လျက်ကြောင်း သိရသည်။