Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ချီးမြှင့်
May 29,2023
ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏(၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရ မောင်၊ မယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ
May 29,2023
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စေတီတော်အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ထင်းလောင်စာ၊ သစ်တိုင်၊ မျောတိုင်များ ရရှိစေရေး၊ သစ်တော သစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) ရပ်ကွက် ကံ့ကော်ကုန်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 29,2023
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထား နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတု ကောင်းမွန်မျှတ၍ အပူဒဏ် ကာကွယ်ရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုး ပွဲတော်ကို ယနေ့နံနက် ၈နာရီက ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင်ဂေါက်ကလပ်ကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဗျူဟာမှူး စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း၊ ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ NGO အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ရပ်/ကျေးပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြော
May 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းဇင်းကျေးရွာအုပ်စု၊ ညောင်ညိုရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း (ဘောဂဝတီ)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်၍ ပညာ သင်ကြားနိုင်ရေ…
May 29,2023
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများ သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများကို ယမန်နေ့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံခဲ့၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ပြည်သူ့စစ်နှင့် ပြည်သူသေဆုံး၊ ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေများပေးအပ်
May 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူ့စစ်နှင့် ပြည်သူသေဆုံး၊ ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11145
Page
11146
Page
11147
Page
11148
Current page
11149
Page
11150
Page
11151
Page
11152
Page
11153
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department