အမြို့မြို့အနယ်နယ်သတင်းများ

May 26,2023
"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ဟိုပန်ခရိုင် ၊ဟိုပန်မြို့နယ်၌ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဖူဆယ်ဘောလုံးအားကစားဖံွ့ဖြိုးတိုးတက်စေရန် အတွက် မေလ(၁၈) ရက်နေ့က စတင်ကျင်းပခဲ့သည့် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးအား ကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၄) နာရီက  A 21 ဖူဆယ်အားကစားကွင်း၌  ကျင်းပခဲ့သည်။
May 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက် ပေးလျက်ရှိရာ မေ ၂၆ ရက်၊ (ယနေ့အထိ) ကျောင်းသား၊ ကျောင်းသူဦးရေ နှစ်သောင်းကျော် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
May 26,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ  အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။
May 26,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်ခန်းမတွင် ရန်ပုံငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့သည်။
May 26,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှစ၍ ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် တာဝန်ရှိသူများက ကျောင်းများသို့ ကွင်းဆင်း၍ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
May 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ယနေ့နံနက် ၉း၃၀ အချိန်တွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
May 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပသည်။