Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2023
မကွေးတိုင်းဒေသကြီး၊ ချေက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနာကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့် ဆင်းဧကရီ-၃ မျိုးစပါးထောက်ပံ့ပေးအပ်
May 26,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ၂၀၂၃- ၂၀၂၄ခုနှစ် မိုးရာသီအထွက်ကောင်း မျိုးကောင်းမျိုးသန့် ဆင်းဧကရီစပါးမျိုး ပြောင်းလဲစိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို အဆိုပါဌာန၌ မေ (၂၆)ရက်နေ့လယ် (၁)နာရီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမဉ္ဇူသကခန်းမ၌ မေ (၂၆) ရက် နံနက် (၁၀) နာရီတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကန်ကြီးထောင့်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က-ကန်ကြီးထောင့် အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒသမအကြိမ်မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အုတ်တွင်းမြို့နယ်ဓမ္မစကူးလ်စာဖြေဌာနမှ ပထမဆုရရှိ
May 26,2023
ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓ၀င်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်ပွဲစဥ်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မေ ၂၅ ရက်က ရန်ကုန်မြို့(အမျိုးသားကဇာတ်ရုံ)၌ ကျင်းပခဲ့ရာ အုတ်တွင်းမြို့နယ် ရေအိုးစဥ်ကျေးရွာအုပ်စု ရေအိုးစဥ်ကျေးရွာဓမ္မစကူးလ်စာဖြေဌာနမှ မောင်စိုးသူရထွန်းက ပထမ(winner)ဆုကြီးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ဝက်မွေးမြူရေးချေးငွေ ထောက်ပံ့နိုင်ရေးဆောင်ရွက်
May 26,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်နှင့်ကျေးရွာနိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီအဖွဲ့များပူးပေါင်း၍ ယနေ့နံက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်တွင် ဝက်မွေးမြူရေးလုပ်ကိုင်နေသူများအား ချေးငွေထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား ပိုမိုးများပြား ကျောင်းအပ်နှံလျက်ရှိ
May 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အား ယမန်နေ့ နံနက် (၉) နာရီအချိန်မှ စတင်ကာ ကျောင်းအပ်နှံမှုကိုလက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ယခင်နေ့များအထက် ပိုမိုးများပြားပြီးလာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပလတ်စတစ်အိတ်သုံးစွဲမှုူလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
May 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11137
Page
11138
Page
11139
Page
11140
Current page
11141
Page
11142
Page
11143
Page
11144
Page
11145
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department