လပွတ္တာမြို့နယ်အတွင်းရှိ ကျွဲနွားများအား ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်

လပွတ္တာ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာတွင် ကျွဲနွားများအား ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာအောင်နိုင်သိန်းက သင်တန်းဖွင့်အမှာစကားပြော​ကြားခဲ့သည်။ ထို့နောက်ကြာကန်ကျေးရွာအတွင်းမှ မွေးမြူးရေးစိတ်ပါဝင်စားသူ (၂၀)ဦးအား မွေးမြူးရေးအသိပညာတိုးပွားစေရန်နှင့် ကူးစက်ရောဂါများမဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းအားဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)