အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာရှိ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။
Apr 03,2023
မိုင်းတုံ၌ မြိုနယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေးကော်မတီအဖွဲ့မှ ညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့အထိ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း(၁၄၀၀)ကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉နာရီခွဲအချိန်က မြန်မာစကားပုံးဆက်ဂိမ်းကစားနည်း အစီအစဉ်ပြုလုပ် သည်။
Apr 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အားကစားကဏ္ဍ၌ ထူးချွန်သော ဒေသခံလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်အောက် ဘော်လုံးအသင်းရွေးချယ်ခြင်းကို ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
Apr 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် စာအောင်သံဃာတော်များအား စူဌဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က တောင်ရပ်ကွက်၊ ဟော်တော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 03,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နှင့် လီဒိုလမ်းကြောရှိကျေးရွာများတွင် လျှပ်စစ်မီး မရရှိသေးသော ဒေသခံပြည်သူများအား ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ‌ကို ဧပြီ (၁)ရက်မှ (၂)ရက်ထိ တာ၀န်ရှိသူများမှ သွား‌ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။