မြစ်ကြီးနား မေ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မေလ ၂၆ ရက် မွန်းလွဲ (၂) နာရီ က ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါငုချိုချိုကျော်က အမျိုးသမီးများကဏ္ဍ လူမှုရေး၊ စီးပွားရေး၊ ပညာရေး နှင့် ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံအမျိုးသမီးများက အမျိုးသမီး များကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသီးသီးပြန်လည် ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)