အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာနှင့် အနီးဝန်ကျင် ‌ဒေသခံပြည်သူ၊ ရဟန်း ရှင်လူ (၅၀၄)ဦး တို့အား အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဘောလုံးကွင်းတွင် အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
Apr 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။
Apr 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင် များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က မြို့နယ်သမဦးစီးဌာနသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Apr 06,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းခြင်းကို ဧပြီလ (၄)ရက်နေ့ ညနေ (၃)နာရီအချိန်က နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၈)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအားဂုဏ်ပြုဆုချီးမြှင့် သည့်စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့ ညနေ (၃) နာရီ အချိန်က မြို့နယ်သံဃနာယကအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
Apr 06,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Apr 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Apr 06,2023
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် အမှတ်(၁)ရပ်ကွက် မျှော်လင့်ခြင်း ကလေးပညာဖွံ့ဖြိုး‌ စောင့်ရှောက်မှုအဖွဲ့ဂေဟာတွင် ယမန်နေ့ နံနက် (၁၀)နာရီက အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းလှူဒါန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။