နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၈)၌ သောက်သုံးရေများ လှူဒါန်းပေး

နမ္မတူ ဧပြီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းခြင်းကို ဧပြီလ (၄)ရက်နေ့ ညနေ (၃)နာရီအချိန်က နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၈)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေစည်တင်မီးသတ်ယာဉ်ဖြင့် ရေဂါလံ (၁၆၀၀) ဂါလံအား သောက်သုံးရေများလိုအပ်လျက်ရှိသော ပန်ဟိုက်ရပ်ကွက် (၈)ရှိ ပြည်သူများအား ဖြန့်ဝေလှူဒါန်းခြင်းနှင့် အများသုံးသောက်သုံးရေကန်များတွင် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးထံက သိရသည်။

လူမော် (ပြန်/ဆက်)