ဇေယျာသီရိမြို့နယ်၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇေယျာသီရိ ဧပြီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ် လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်၍ ဟောပြောပွဲပြုလုပ်ခြင်း ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့်ဝန်ထမ်းများ၊  စာပေ ဝါသနာရှင်များ၊ ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာမှ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထွန်းလင်း(ဇေယျာမြေ)