ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌  ကလေးငယ်များအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်ပေး

လောက်ကိုင် ဧပြီ  ၆

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် အမှတ်(၁)ရပ်ကွက် မျှော်လင့်ခြင်း ကလေးပညာဖွံ့ဖြိုး‌ စောင့်ရှောက်မှုအဖွဲ့ဂေဟာတွင် ယမန်နေ့ နံနက် (၁၀)နာရီက အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းလှူဒါန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကုသရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ဦးအောင်ကျော်ပါ (၄)ဦး၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင်ကလေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေး/စီမံဦးစီးဌာန၊ ပြန်/ဆက် ဦးစီးဌာနတို့ပူးပေါင်း၍ မျှော်လင့်ခြင်းကလေးပညာဖွံ့ဖြိုး‌ စောင့်ရှောက်မှုအသင်းဂေဟာရှိ ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန်ချဆေးများတိုက်ကျွေးခြင်း၊ ဖျားနာ နေသော ကလေးများအား ဆေးများ အခမဲ့ ပေးဝေပေးခဲ့သည်။

ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအောင်ကျော်ပါ (၄)ဦး၊ မြို့နယ်ကြက်ခြေနီ အသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင်ကလေးတို့မှ ဆေးစိမ်ခြင်ထောင် အလုံး (၅၀)၊ သွားတိုက်တံ/ဆေး (၆၀)စုံ၊ ယားနာ လိမ်းဆေး(၅)ဗူး၊ AMCET -10(10)ကဒ်ပါ (၁)ဗူး၊ နှာဆေးပျောက်ဆေး၊ အဘိတ်ကာကွယ် ဆေးထုပ်များနှင့် Mask အခု (၁၅၀) ခုနှင့် ငွေသားတို့အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း