အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉ နာရီမှစ၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်ပြီး ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သံကြိုးတန်းကျေးရွာအုပ်စု၊ မန်းကုန်း ကျေးရွာရှိ မန်းကုန်းအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ကျောင်းဆောင် သစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jun 02,2023
ရှမ်းပြည်နယ်၊  ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
Jun 02,2023
လိပ်သိုမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနစီမံမှုဖြင့် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ (၂:၁၅) နာရီအချိန်ခန့်က မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့်  သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် စိန်ပန်းပင်၊ ဈေးရပ်ကွက်တွင်ပိတောက်ပင်၊ ပန်းတိမ်မြောက်ရပ်ကွက်တွင်ကျွန်းပင် ပိတောက်ပင်၊ ကျွန်းပင်များ စသည့်သစ်ပင်ကြီးများကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များက သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 02,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်၍ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပျော်ရွင်ရွင်ဖြင့် ယမန်နေ့နံနက်ပိုင်းမှစ၍ စတင် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။