တောင်ဥက္ကလာပ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင် များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က မြို့နယ်သမဦးစီးဌာနသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် မြို့နယ်သမဦးစီးဌာနမှ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များ (၃၅)အုပ်ကို အသစ်ပြန်လည် လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်စေရန်၊ စာဖတ်ခြင်းကြောင့် ဗဟုသုတ၊ အတွေးအခေါ် အမြော်အမြင်များ မြင့်မားလာစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာရုံးများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သီတာအေး (ပြန်/ ဆက်)