Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်း ကျင်းပ
Jun 06,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များ စာပေလေ့လာ ဖတ်ရှုမှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူငယ်နှင့်စကားကြီး ခြောက်ခွန်း ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 06,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အခက်ခဲနှင့်အောင်ပွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးပေးလျက်ရှိ ၂၀၂၃ ခုနှစ် မိုးသီးနှံအတွက် ချေးငွေပေါင်း ၆၇၉၃၀ သိန်း ထုတ်ချေးပေးရန် လျာထ…
Jun 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို၊ မေလ(၁၈) ရက်နေ့မှ စတင်ထုတ်၍ ဘူတာ ရပ်ကွက်ရှိ ပိန္နဲတော ဘုန်းတော်ကြီးကျောင်းတွင် ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် မိုးသီးနှံအတွက် ချေးငွေပေါင်း ၆၇၉၃၀ သိန်းထုတ်ချေးပေးသွားရန် လျာထား ကြောင်း သိရပြီး၊ ဇွန်လ(၅)ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၅၂၄၈ သိန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Jun 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဌာဝန်ထမ်းများ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jun 06,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မိုးဦးကျကာလဖြစ်ပွားတတ်သေ ာရောဂါများအကြောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကရွာသာယာကျေးရွာနှင့် မီးလောင်ချောင်းကျေးရွာ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jun 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၁)နာရီက သုံးထပ်ဆောင် အစည်းအဝေး ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာပေချစ်မြတ်နိုးသူများနှင့် Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
Jun 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများနှင့် Youth Club အဖွဲ့ဝင်များစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11074
Page
11075
Page
11076
Page
11077
Current page
11078
Page
11079
Page
11080
Page
11081
Page
11082
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department