အမြို့မြို့အနယ်နယ်သတင်းများ

Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူ လူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းများဆိုင်ရာ အသိပညာပေးသင်တန်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 07,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ ကျိုက်မရောမှ ၂၀၂၃ခု နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးများကို  သတ်မှတ် အုပ်စုများအလိုက် ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်းသိရသည်။
Jun 07,2023
ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုသည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်​၊ ကန်ဘက်ကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာ မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ် ဦးစီးမှူး ဦးသက်မိုးနိုင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကန်ဘက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့ကြသည်။
Jun 07,2023
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်တွင် B-31 စပ်မျိုးဝါ စံပြစိုက်ခင်း (စိုက်ဧက ၇၅ ဧက) ကွင်း သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ ကွင်းအမှတ် ၁၀၆၂၊ ဦးပိုင်အမှတ် ၃၂ ရှိ တောင်သူ ဦးအောင်နိုင်ဝင်း၏ စိုက်ဧက ၂ ဧကတွင် ကျင်းပခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 07,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးတွင်းကာလ ရောက်ရှိလာပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများ သွေးလွန်တုတ်ကွေး အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ကစ၍  ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 07,2023
က‌မ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Jun 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် မြို့နယ်အထွေထွေဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။