Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့၌ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 06,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဌာနဆိုင်ရာအကြီအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြို့အဝင်ဆိုင်းဘုတ် အနီးမြေကွက်လပ်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး (Seeder)စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး
Jun 06,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပဲခူးလမ်းရပ်ကွက် သာသနာ့ဝေပုလ္လ (သုသာန်)ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး(Seeder)စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ မြိုကျက်သရေဆောင်ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်စို့"ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 06,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (မကွေး)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ပုဂ္ဂ္ဂိုလ်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက…
Jun 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ဝန်ထမ်းရပ်ကွက်များဖြစ်သည့် သိဒ္ဓိရပ်ကွက် ၉ ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ဦးဆောင်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က မိုးကုတ်မြို့၊ အားကစားကွင်း၌ သစ်ပင်(၃၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအ…
Jun 05,2023
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းတပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ၊ လူးသုံးကုန်ပစ္စည်းများ၊ ဒံပေါက် ထမင်းဘူးများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11076
Page
11077
Page
11078
Page
11079
Current page
11080
Page
11081
Page
11082
Page
11083
Page
11084
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department