မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေး

ကျိုက်မရော ဇွန် ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ ကျိုက်မရောမှ ၂၀၂၃ခု နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးများကို  သတ်မှတ် အုပ်စုများအလိုက် ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်းသိရသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ကျိုက်မရောဘဏ်ခွဲအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်မှ စတင်ကာ ထုတ်ချေးပေးခဲ့ရာ ယနေ့နံနက်ပိုင်းက လက်ပန်ကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အတ္တရံ ရပ်ကွက်အတွင်းမှ မိုးစပါးနှင့်အခြားသီးနှံစိုက်ပျိုးကြမည့် တောင်သူ (၁၇)ဦး တို့အား စိုက်ဧက (၁၀၈)ဧကအတွက် ချေးငွေပေါင်း(၁၆၂)သိန်းအား အတိုးနှူန်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၃ခု နှစ် မေလကုန်အထိ မိုးစပါးစိုက်ပျိုးဧက(၂၀၈၅)ဧက ကို စိုက်ပျိုးထားပြီး  မိုးစပါးတစ်ဧကလျင် ငွေကျပ်  ၁၅၀၀၀၀ ကျပ်နှုန်း၊အခြားသီနှံ တစ်ဧကလျင် ၁၀၀၀၀နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူ တစ်ဦးကို စိုက်ပျိူးမြေ ဧက၁၀ ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)