Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောင်းမြမြို့နယ်ရှိ မြကန်သာရပ်ကွက်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်း လုပ်ငန်းများဆောင်ရွက် …
Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ မြကန်သာရပ်ကွက်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်(Abate) ဆေးခတ်ခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များက ယနေ့နံနက် ၈နာရီအချိန်က မြကန်သာရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီး ဝန်က…
Jun 07,2023
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် e. ID စနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန် လာစေရန်၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် unique ID ထုတ်ပေးနိုင်ရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် အခြေခံစနစ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက်" e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့" အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက မြို့ပေါ်ရပ်ကွက် များရှိ စျေးများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော၌ လျှပ်စီးလက်ခြင်းမိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Jun 07,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ၊ မချမ်းဘောမြို့၌ ပြည်သူများ၊ ကျောင်းသူကျောင်းသားများ လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်းအန္တရာယ် ကာကွယ်ရေးအသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၈နာရီကမချမ်းဘောမြို့ နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့တွင် ကလေးအသက် (၂)လမှ (၁)နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်
Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေး ထိုးခြင်းကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့၌ မှို သီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
Jun 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ တစ်ပိုင်တစ်နိုင် မှိုသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ပြီး မိသားစုအပိုဝင်ငွေရရှိနိုင်စေရန်ရည်ရွယ်၍ မှို သီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဇွန်လ ၅ ရက်နေ့ နံနက်(၁၀) နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် “e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် “e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11068
Page
11069
Page
11070
Page
11071
Current page
11072
Page
11073
Page
11074
Page
11075
Page
11076
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department