ညောင်တုန်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းများဆိုင်ရာ အသိပညာပေး သင်တန်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ဆင့်က ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းများဆိုင်ရာ အသိပညာပေးသင်တန်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်းအကြောင်း၊ မသန်စွမ်းသူများအခွင့်အရေး နည်းဥပဒေများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ ချိတ်ဆင်ချိတ်ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ပေါ်နွေးဖိုင်က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု စသည့် အသိပညာပေးအကြောင်း အရာများကို လည်းကောင်း၊ လူမှုဝန်ထမ်း-၃ ဒေါ်သူသူထွန်းက ငွေကြေးထောက်ပံရေး အစီအစဉ်တိုကို လည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။
ထက်ဝေဖြိုး(ပြန်/ဆက်)