အမြို့မြို့အနယ်နယ်သတင်းများ

Jun 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အထက မိုင်းတုံစာသင်ကျောင်းဝန်း၌ မြို့နယ်ကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများမှ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရ‌ကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များအား မြေစိုက်ပိုစတာထောင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၄၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့များ၊ ခရိုင်ရဲမှုးဦးမျိုးမြင့်ထွန်းနှင့်အဖွဲ့များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့များ​၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများစုစု‌ပေါင်း(၁၇၅)ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။
Jun 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ  Mask များတပ်ဆင်သွားလာစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Jun 06,2023
စစ်ကိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 06,2023
ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း (ကြွပ်ကြွပ်အိတ်) များအသုံးပြု ခြင်းများကြောင့် နှစ်စဥ်ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများ လျော့နည်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ စေရန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက် ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” (Solution to plastic pollution) ဆောင်ပုဒ်နှင့်အညီ ကျောင်းသား လူငယ်များကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက် ပြန့်ပွားစေရေးအတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်သည့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ ကြောင်း သိရသည်။
Jun 06,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလှကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် အန္တရာယ်မဖြစ်စေရန်နှင့် FDA မှ သုံးစွဲရန်တားမြစ်ထားသော အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့ပါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုနှစ် ရော်ဘာရာသီ ကုန်ဆုံးခါနီးအချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရနေသောကြောင့် တစ်နိုင်တစ်ပိုင် ရော်ဘာခြံ လုပ်ကိုင်သူများ၊ ခြံသီးစား ဝယ်ယူလုပ်ကိုင်သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ်ယူသူများတို့ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရော်ဘာခြံစိုက် တောင်သူထံမှ သိရသည်။
Jun 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
Jun 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြိုနယ်တွင်၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။