အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက်က မြန်အောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့က ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Jun 08,2023
    ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲ များတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။
Jun 08,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 08,2023
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ အေးချမ်းသာခန်းမဆောင်​​၌ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်အပင် ဇီဝနည်းပညာဌာနမှ အိမ်ခြံဥယျာဥ်စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jun 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက် ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ခရမ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၇ နာရီ ခရမ်းမြို့ အမှတ်(၁)ရပ်ကွက် အ.မ.က(၂) မူလတန်း ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။