ငါးသိုင်းချောင်းမြို့တွင် ကလေးအသက် (၂)လမှ (၁)နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်

ငါးသိုင်းချောင်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေး ထိုးခြင်းကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် (၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ (ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) အစရှိသည်တို့ကို ပုံမှန်ဆေးတိုက်၊ ဆေးထိုးခြင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ငါးသိုင်းချောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းကို သတ်မှတ်ထားသည့် စုရပ်များအလိုက် လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)