ဖျာပုံမြို့၌ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဖျာပုံ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် e. ID စနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန် လာစေရန်၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် unique ID ထုတ်ပေးနိုင်ရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် အခြေခံစနစ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက်" e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့" အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက မြို့ပေါ်ရပ်ကွက် များရှိ စျေးများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဉီးစီးမှူး ဦးဇော်လွင် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝကရုံးဝန်ထမ်းများ ပူးပေါင်း၍ နိုင်ငံအတွင်း နေထိုင်သူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝ အချက်အလက်များ ကောက်ယူမှတ်ပုံတင်၍ UID နံပါတ်များ သတ်မှတ်ထုတ်ပေးမည့် လုပ်ငန်း များနှင့် e.ID စနစ်ဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ Sim ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်၊ ယာဥ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး e. ID စနစ်အခြေခံ အကြောင်းအရာများပါ အသိပညာပေးလက်ကမ်း စာစောင်များကိုမြို့နယ်အတွင်းရှိ ပြည်သူများ၏ လက်ဝယ် အရောက်လိုက်လံ ဖြန့်ဝေပေးခဲ့​ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)