ဝါးခယ်မမြို့နယ်တွင် “e-ID စနစ်‌ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဝါးခယ်မ  ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် “e-ID စနစ်‌ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝါးခယ်မမြို့ မြို့နယ်ဦးစီးမှူးရုံးရှိဝန်ထမ်းများမှ e-ID စနစ်ဖြင့် လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ရန် အသိပညာပေး လက်ကမ်းစာစောင်ပါ အ‌ကြောင်းအရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေလျက်ရှိရာ e-ID စနစ် ဆောင်ရွက်ရာတွင် နိုင်ငံအတွင်း နေနိုင်သူအားလုံးကို UID နံပါတ်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ UID ကို နိုင်ငံသား ဖြစ်ခြင်း/မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ်နှင့်အထက်ရှိသူတိုင်း ထုတ်ပေးမည် ဖြစ်ကြောင်း၊ UID နံပါတ်ကိုင်ဆောင်သူများအနက် နိုင်ငံသားများနှင့် နိုင်ငံသားဖြစ်ရန်အရည်အချင်းရှိသူများအား National ID(NID) Smart Card ထုတ်ပေးခြင်းကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ e-ID စနစ်၏ အကျိုးကျေးဇူးများမှာ e-Goverment Application များနှင့်တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ e-ID စနစ်ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူများကို အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data)ကို ကောက်ယူမှတ်ပုံတင်၍ UID နံပါတ်ဂဏန်း(၁၀)လုံးသတ်မှတ် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ e-ID စနစ်၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျှင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ဖြစ်ကြောင်း စသည့်အကြောင်းအရာပါ လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ လူစည်ကားရာ‌‌နေရာများ၊ လမ်းမကြီးများ၊ ဈေးများ၊ ဆိပ်ကမ်းများတွင် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)