မချမ်းဘော၌ လျှပ်စီးလက်ခြင်းမိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မချမ်းဘော ဇွန် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ၊ မချမ်းဘောမြို့၌ ပြည်သူများ၊ ကျောင်းသူကျောင်းသားများ  လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်းအန္တရာယ် ကာကွယ်ရေးအသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၈နာရီကမချမ်းဘောမြို့ နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်းသိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် မိုးကြိုကာလနှင့်မိုးဦးကာလများတွင် ဖြစ်ပေါ်တတ်သော လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်းအန္တရာယ် ကာကွယ်နိုင်ရန်အတွက် လျှပ်စီးလက်နေစဥ်တွင် မပြုလုပ်မကိုင်တွယ်သင့် သောအရာများ၊ နေအိမ်တွင်ရှိနေစဥ် ဆောင်ရွက်ရမည့်အရာများ၊ တောအုပ်များ ကွင်းပြင်များတွင်ရောက်ရှိ နေချိန်တွင် လုပ်ဆောင်ရမည့် အချက်များ၊ လူစုလူဝေးများတွင်ရှိနေစဥ်ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စီးလက်သည် ကိုတွေ့ရှိသည်နှင့် တပြိုင်နက်နေထိုင်ရမည့်ကိုယ်နေဟန်ထားများ၊ မိုးကြိုးပစ်ခြင်း ဖြစ်ပွားပြီးနောက် မီးဘေးအန္တရာယ်မကျရောက်ရလေအောင် ကာကွယ်ရမည့်အချက်များ မိမိတို့၏ မိသားစု ဝင်များအားလုံးကို အသိပညာပေးပြောကြားထားရမည့် အချက်များကို အများပြည်သူများ လေ့လာကြည့်ရှု နိုင်ရန် စိတ်ဝင်စားဖွယ် ပြသထားကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)