မြောင်းမြ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ မြကန်သာရပ်ကွက်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်(Abate) ဆေးခတ်ခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များက ယနေ့နံနက် ၈နာရီအချိန်က မြကန်သာရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြသည်။
မိုးဦးကျရာသီ ဖြစ်ခြင်းကြောင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျား ရောဂါ ကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းကို မြကန်သာရပ်ကွက်အတွင်းရှိ ရေသိုလှောင်ကန်များအား အဘိတ်ဆေးထည့်ခြင်း၊ စဥ့်အိုးများအား ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်မည့်နေရာများ မရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာများသို့ သွေးလွန် တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝေဝေ(မြောင်းမြ)